သတင်းများ

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ တာဝန်ရှိသူများ လာရောက် တွေ့ဆုံ
Jul 13,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည် နယ်၊ စစ်တွေရုံး တာဝန်ခံ Ms. Wendy Fleury နှင့် မောင်တော ရုံးတာဝန်ခံ Mr.Karl –Heinz Moder တို့ သည် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဧည့်ခန်းမ၌လာရောက် တွေ့ ဆုံကြသည်။
ချောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ပြုလုပ်ပေး
Jul 13,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည့်ပင်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
နမ့်ဆန်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင်ထားရှိသည့် နေရာများသို့ ယနေ့ က RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ထပ်တိုး(၅)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၇) ဦးထိ ရှိလာကြောင်း ကနဦး သိရသည်။
ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ အား အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
 သရက်မြို့ရှိ ယာယီပျံကျဈေးနှင့် အသားငါးဈေးတို့အား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ အသိပညာပေးစစ်ဆေးခြင်း ဆောင်ရွက်
Jul 12,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် များသည် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော အသားငါးဈေးနှင့် ဗိုလ်ချုပ်အားကစားကွင်း အတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျရောင်းချခြင်းရှိ/ မရှိနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိတို့အား  အသိပညာပေးခြင်း၊ လှည့်လည်စစ်ဆေးခြင်းများ ယနေ့ နံနက် ၇ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်မှုရာ နှုန်းပြည့်ပြီးစီး၍ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းဆောင်သစ်အဆောက်အဦရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီ အဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျွန်းလှမြိုနယ်၌မိုးစပါးသီးနှံ ဧက ၃၄၀၀၀‌ ကျော်လျာထားစိုက်ပျိုးမည်
Jul 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံ ဧက ၃၄၀၀၀ ကျော်လျားထား စိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။
ငဖဲမြို့နယ် ပေကုန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP Phase-1 )ဖြင့် ဓနရာဇာကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ကစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် လမ်းမီးများ စတင်ရရှိ မည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီက ပေကုန်းကျေးရွာအဝင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။