မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး‌ တွေ့အတည်ပြုလူနာသစ်(၈၆) ဦး ထပ်မံတွေ့ရှိ

မိုးညို ဇူလိုင် ၁၆                                                                                                                                  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည် ပြုလူနာသစ် (၈၆) ဦးကို ယမန်နေ့က ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုနှင့် ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိစပ်သူများကို RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်း၊ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်တို့ကို    စစ်ဆေး ရယူပြီး(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းပိုး တွေ့လူနာများနှင့် ထိစပ်သူ (၁၃၆) ဦးအား ၁၅-၇-၂၀၂၁ ရက်နေ့တွင် RDT ဖြင့်စစ်ဆေးခဲ့ရာ (၂၉)ဦးတွင်လည်းကောင်း၊ ၁၄-၇-၂၀၂၁ ရက်နေ့တွင် ထိတွေ့လူနာ (၂၂၁)ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန (ရန်ကုန်) သို့ပေးပို့ စစ်ဆေးခဲ့ရာ(၅၇)ဦး‌တွေ့ ‌ရှိသဖြင့် (၈၆)ဦးပိုးတွေ့ရှိခဲ့သည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၃၈၁)ဦး၊ ရောဂါပျောက် ကင်း၍ ဆေးရုံ ဆင်းခွင့်ရသူ(၁၀၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။                                    

  ကိုမင်း