ဖျာပုံ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားလာခြင်း ကြောင့်ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်းOxygen Plan မှထွက်ရှိသော Oxygen လုံလောက်မှု မရှိခြင်းကြောင့်ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ခရိုင်/မြို့နယ်ကျန်းမာရေး ကော်မတီဝင် များ နှင့်မြို့လုပ်ငန်းရှင် များမှဦးဆောင်၍ Oxygen plant အသစ်တစ်လုံးထပ်မံ ဝယ်ယူနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆိုပါဆွေးနွေးပွဲတွင်ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင် ၊ခရို င်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်းတို့က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇင်မာစိုးက၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါ ကူးစက်မှုများပြားလာခြင်းကြောင့်၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးအတွင်းOxygen Plan မှထွက်ရှိသော Oxygen လုံလောက်မှုမရှိခြင်းတို့ကြောင့် Oxygen လိုအပ်ချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြော ကြားသည်။
ထိုနောက်အခမ်းအနားသို့တက်ရောက်လာကြသောစီးပွားရေးလုပ်ငန်းရှင်များကဖြည့်စွက်ဆွေးနွေး ကြပြီး၊OxygenPlantအသစ်တစ်လုံး ထပ်မံဝယ်ယူနိုင်ရေးအတွက်မတည်အလှူငွေ၊ မြို့နယ် သံဃာ့နာယကမှ ငွေကျပ်သိန်း(၅၀)ကျပ်၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြုအဖွဲ့မှ ငွေကျပ်သိန်း (၁၀၀)ကျပ်၊ဆန်စက်လုပ်ငန်းရှင် ဦးတင်လှိုင်+ဒေါ်မြင့်မြင့်လှိုင်မိသားစုမှ ငွေကျပ်သိန်း (၁၀၀) ကျပ်၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသက်မိသားစုမှ ငွေကျပ်သိန်း(၅၀)ကျပ်၊ ဦးမျိုးကြည် မိသားစုမှ ငွေကျပ်(၅) သိန်းတို့အား မတည်လှူဒါန်းကြပြီးOxygenPlantဝယ်ယူနိုင်ရေး အလှူငွေများ ထည့်ဝင် လှူဒါန်းလိုသူများအနေဖြင့် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထည့်ဝင်လှူဒါန်း နိုင်ကြောင်း သတင်းရရှိသည်။
အောင်ဝင်းနိုင်(ဖျာပုံ)