ဟိုင်းကြီးကျွန်း၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူများ အနက် (၆) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရ

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၆
 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လမှ စ၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက် (၆) ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ဟိုင်းကြီးတိုက်နယ်ဆေးရုံ Quarantine Center တွင် ဆေးကုသမှု ခံယူနေသည့် အမှတ် (၁) ရပ်ကွက်မှ ကျား (၂) ဦး၊ မ (၅) ဦးသည် အနံ့ပြန်လည်ရရှိခြင်းနှင့် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းတို့အား မိမိတို့၏ နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ် အမှတ် (၅) (၂၅) တပ်မတော်ဆေးရုံတွင် ပိုးတွေ့လူနာ (၅)ဦး၊ ဟိုင်းကြီးတိုက်နယ် ဆေးရုံတွင် ပိုးတွေ့လူနာ (၅)ဦး၊ ကျောက်ချောင်း တိုက်နယ်ဆေးရုံတွင် ပိုးတွေ့လူနာ (၁)ဦးတို့မှာ ဆက်လက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ