လွိုင်လင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ (COVID-19) ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် တို့သည် ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အတွင်း Covid-19 ရောဂါ တတိယလှိုင်းဖြစ်ပွါးမှု ကာလတွင် positiveရောဂါပိုးတွေ့ရှိသူများနှင်ထိတွေ့ဆက်စပ်သူ များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လွိုင်လင်မြို့နှင့်ပင်လုံမြို့ရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်ပင်လုံတက္ကသိုလ်များတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမူကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင်တို့သည် လွိုင်လင်မြို့နှင့်ပင်လုံမြို့အဝင်/ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများမှ ယာဉ်မောင်းနှင့်ခရီးသည်များအား ကျန်းမာရေးစစ်ဆေးပေးနေမူကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းသန့်