တာလေ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုအတွင်း မနေ့ က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသအတွင်း ယခုနှစ်အတွင်း စိုက်ပျိုးပြီးစီးပြီးဖြစ်သော မိုးစပါး လယ်မြေ (စိုက်ဧက) များအတွင်း ရေကြီးနစ်မြှပ်မှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြှပ်မှုများ ရှိခဲ့ပြီး လယ်စပါးများ ထိခိုပ်ပျက်စီး ခြင်းများဖြစ်ပေါ်ခဲ့သော လယ်ယာမြေများမှာ မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာ မြေကွင်း (၂)ကွင်းမှ လယ်ဧရိယာ(၃၁) အတွင်း တောင်သူ(၁၆)ဦး၏ လယ်မြေများဖြစ်ပြီး မနေ့ က မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီးစီးပြီးဖြစ်သော လယ်ယာမြေ(ဧက)များ ရေကြီးနစ်မြှပ် ထိခိုက်ပျက်စီးမှုများသာဖြစ်ကြောင်းနှင့် ရေကြီးနစ်မြှပ်ထိခိုက်ပျက်စီးမှုများမှာ လတ်တလောစာရင်းများသာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေလင်း ထံမှသိရ သည်။
အောင်ကျော်မိုး