ရေးဇူလိုင်၂၁
မွန်ပြည်နယ် ရေးမြို့နယ် ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံးဝန်းအတွင်း ဝိသာခါဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) တို့မှ မတည်ငွေနှင့် ရဟန်းရှင်လူပြည်သူများ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် နေ့စဉ်အောက်ဆီဂျင်များကို လုံလောက်စွာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (250Liter/min) စက်စွမ်းအားရှိ အောက်ဆီဂျင်စက်ရုံကို ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ နေ့စဉ် 40Liter ဆံ့အောက်ဆီဂျင်အိုးကို ပျမ်းမျှ တစ်ရက်လျှင် ၃၀အိုးမှ ၃၅အိုးထိ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ ရေးမြို့နယ် ပြည့်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် နေ့စဉ် 40Liter ဆံ့ အောက်ဆီဂျင် အိုး၂၀ကို အသုံးပြုနေရပြီး သံဖြူဇရပ်မြို့နယ်သို့ နေ့စဉ် အောက်ဆီဂျင် 40Literဆံ့ ၁၀အိုး၊ မုဒုံမြို့နယ်သို့၅အိုးနှင့် မြို့ပေါ်ရှိ ပရဟိတအသင်များ အတွက်လည်း လုံလောက်စွာ ထုတ်လုပ်ပေးလျက်ရှိပြီး လိုအပ်သည့်အခါ တွင်လည်း လိုအပ်ချက်အရ ထပ်မံထုတ်ပေးလျက်ရှိကြောင်း ရေးမြို့နယ် အောက်ဆီဂျင်စက်ရုံ တာဝန်ရှိသူထံမှသိရှိရသည်။