တာချီလိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့

တာချီလိတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်း များအတွက် မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့သည်။

ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း ၅၀ ဦးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၄၅၀ ဘတ်တန်ဖိုးရှိ အခြေခံစားကုန်များကို လှူဒါန်းပေး ခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင်က လက်ခံရယူခဲ့သည်။

ထို့နောက် Covid-19 ကူးစက်မှုမြင့်တက်နေသော ကာလ၌ အချိန်ပြည့်တာဝန်ထမ်းဆောင် နေရသော ကျန်းမာရေးဝန်ထမ်းများအတွက် မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်ပြုဖြစ်စေရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးထံမှသိရသည်။

ယာဆေး