မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Jul 22,2021
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူစက်ပျံ့ပွားမှုနှုန်း မြင့်တက်လာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို အသံချဲ့စက်များ၊ Hand Speaker များဖြင့် မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။