မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကျင်းပ

မန္တလေး ဇူလိုင်လ ၂၃

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၉နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ၇၁လမ်း၊ ၂၆လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားကို တက်ရောက်လာကြသူများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနား ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ မြတောင်တိုက် သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တအင်္ကုရ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်၊ သံဃာတော်များ ဟောကြားချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များအား နာယူကြည်ညို ကြသည်။

 

ထို့နောက် ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသ င်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ အဖွဲ့ဝင် မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်း ဆရာတော် ဘဒ္ဒန္တသီဟနာဒ ထံမှ အနုမောဒနာတရား နာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း ချ  အမျှပေးဝေခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဓိပတိ မဟာနာယ က၊ မဟာအောင်မြေ မြို့နယ်၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တအင်္ကုရ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမကျောင်းတိုက်၊ ရတနာပုံကျောင်း ဆရာတော် ဘဒ္ဒန္တသီဟနာဒ တို့အမှူးပြု သည့် သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ တိုင်းဒေသကြီးသာ သနာရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်