တွံတေး၌ Stop COVID-19 အဝါရောင် Mask Compaign အသိပညာပေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

တွံတေး ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက် ၉ နာရီက အုန်းပင်စုရပ်ကွက်၊ မင်းရဲကျော်စွာလမ်းကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ပြည်သူများ အနေဖြင့် ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီ နေထိုင်သွားလာရန် ညွန်ကြားထားရှိသော်လည်း တွံတေးမြို့နယ် အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွားလမ်းလာများ၊ စျေးသွားစျေးလာများ Mask ဖြန့်ဝေတပ်ဆင်စေရေး ဒုတိယဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်ပေးနေပြီး Mask များ ဖြန့်ဝေရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဖြူလဲ့ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ Stop ကိုဗစ်- ၁၉ အဝါရောင် Mask Campaign ဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများတွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်း မရှိသူများအား Mask များ ဝယ်ယူတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ Stop ကိုဗစ်-၁၉ ပြက္ခဒိန်များဖြန့်ဝေခြင်း၊  အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)