ဇလွန် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မှီရေးကို စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အရည်အသွေးပြည့်မှီရေး ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကျားမာန်ကုမ္ပဏီမှ လမ်းမတော် မြောက်ရပ်ကွက် စံပယ်လမ်းတွင် (အရှည် ၄၀၀ ပေ x အကျယ် ၁ဝ ပေ x ထု၆လက်မ)ကို တင်ဒါအောင်မြင်ငွေကျပ်သိန်း ( ၆၂.၄၀ )ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက်ပြီးစီးမှု၊ ခွာညို(၆)လမ်းတွင် (အရှည် ၃၆၁ ပေ x အကျယ် ၁ဝ ပေ x ထု ၆လက်မ)ကို တင်ဒါအောင်မြင်ငွေကျပ်သိန်း (၆၀.၀၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက်နေမှု၊ ဗျင်းညား ကျေးရွာ၊ ဗျင်းညားအဝင်လမ်းတွင် (အရှည် ၉၀၀ ပေ x အကျယ် ၁ဝ ပေ x ထု၆လက်မ)ကို တင်ဒါအောင်မြင် ငွေကျပ်သိန်း (၁၄၉.၀၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဗျင်းညား လမ်းတွင် (အရှည် ၅၀၀ ပေ x အကျယ် ၁ဝ ပေ x ထု ၆လက်မ)ကို တင်ဒါအောင်မြင်ငွေကျပ်သိန်း (၈၃.၀၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုးဝဠာကုမ္ပဏီမှ လမ်းမတော်မြောက်ရပ်ကွက် စံပါယ် (၆)လမ်းတွင် (အရှည် ၃၃၂ ပေ x အကျယ် ၁ဝ ပေ x ထု ၆ လက်မ)ကို တင်ဒါအောင်မြင်ငွေကျပ်သိန်း (၅၀.၇၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ခိုင်ဝင်းသာကုမ္ပဏီမှ Box Culvert(၁)စင်းလျှင် တင်ဒါအောင်မြင် ငွေကျပ်သိန်း (၁၉ .၄၀)ဖြင့် လမ်းမတော် မြောက်ရပ်ကွက် စံပယ်လမ်းတွင် Box Culvert(၁) စင်းဆောင်ရွက်ပြီးစီးမှု၊ ကမ်းနားရပ်ကွက် ပိတောက်လမ်းတွင် Box Culvert(၁) စင်းဆောင်ရွက်နေမှုတို့အား အရည်အသွေးပြည့်မှီရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)