မိုင်းယောင်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းဖြတ်-မိုင်းယောင်းလမ်း မီတာ ၆၀၀ အရှည်၊ ၃ ဒသမ ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း မြို့နယ်လမ်း ဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၆၄ သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် ဦးစီးအရာရှိ(မြို့ပြ)က တာဝန်ခံဆောင်ရွက်ပြီး ဒုတိယအခြေခံလွှာ ၂၅၀ မီလီမီတာ ထု ခင်းကြိတ်ခြင်း၊ အခြေခံလွှာအဖြစ် ၆ ဒသမ ၁ မီတာ အကျယ် ၂၅၀ မီလီမီတာ ထု ခင်းကြိတ်ခြင်း၊ အပွန်းခံလွှာ ၅ ဒသမ ၅ မီတာအကျယ် ခင်းကြိတ်ခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်းနှင့် လမ်းပုခုံးခင်းကြိတ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်က စတင်ဆောင်ရွက်ကာ ၂၀၂၁ ခုနှစ်၊ မတ် ၃၁ ရက်တွင် အပြီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း