ပုသိမ် မေ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့ နယ်အတွင်းရှိ တပ်ပေါင်း(၂၀)တပ်မှ စစ်သည်၊ မှီခိုနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၈၈ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၇ စောင် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က အမှာ စကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပန်းခင်း စီမံချက်ဖြင့် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များရှိ တပ်ပေါင်း(၂၀)တပ်မှ စစ်သည်၊ မှီခိုနှင့် မိသားစုဝင်များအား ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင် စုလူဦးရေစာရင်း တို့ကိုပေးအပ်ခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တပ်ရင်းတပ်ဖွဲ့များသို့ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နုရီ