မော်လိုက် မေ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး အတွက် ထန်းလုံးရေကာတာတည်ဆောက်နေမှုတို့အား ယနေ့နံနက် ၈နာရီခွဲက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် (၂၄၇ ဒဿမ ၅) သန်းဖြင့် မော်လိုက်မြို့ အရှေ့ဘက်ကမ်းတွင် အရှည်(၁၃၁၅)ပေရှိ ထန်းလုံးရေကာတာနှင့် အရှည် ပေ(၁၅၀၀)ရှိ ထန်းလုံးရေကာတာတို့ကို တင်ဒါအောင် ရွှေလင်းထက်ကုမ္ပဏီမှ ယခုနှစ် ဧပြီလကုန်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် (၇၅)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ရွှေလင်းထက်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းသုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ထားသည့် လုပ်ငန်းပြီးစီးရက်အတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရေးနှင့် ရေကာတာကြံ့ခိုင်မှုရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး