မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများ၊ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ မိမိရုံး ဌာနလုံခြုံရေး သတိပြုကြရန်၊ ဌာနဆိုင်ရာရုံးများ၊  မြို့နယ်အတွင်းရှိ ဈေးများနှင့်ရပ်ကွက်/ ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန်၊ လျှပ်စစ် ဝါယာရှော့များ အထူးဂရုစိုက်ရန်၊ ပါဠိပထမပြန် စာမေးပွဲကို (၇-၆-၂၀၂၁) ရက်နေ့မှ (၁၃-၆-၂၀၂၁) ရက်နေ့အထိ ကျင်းပသွားရန်ရှိကြောင်း၊ ပညာရေးဌာနအနေဖြင့် ပြည်ထောင်စုဘတ်ဂျက်နှင့် နေပြည်တော်ကောင်စီ ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ အချိန်မီပြီးစီးရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထူးကလည်း ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ပြောကြားခဲ့ကြပါကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)