မိုးညှင်း မေ ၂၇
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဇော်ဟန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခိုင်ဝေက မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ(၂၄)ရက် နေ့မှစတင်ကာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်း လုပ်ငန်းများ စတင်လက်ခံဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမှ ကောက်ခံမှုမရှိဘဲ နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် နှာခေါင်းစည်း(Mask)များကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူများအား အထူးလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်(၆)ချက်ကိုလည်း လမ်းညွှန်မှာကြားထား ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မိုးညှင်းမြို့ပေါ် အထက်တန်း ကျောင်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများအား တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို လှူဒါန်း ပေးအပ် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)