သတင်းများ

ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းပေးအပ်လှူဒါန်း
Jun 15,2021

ကွတ်ခိုင် ဇွန် ၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (OSS)ရုံး၌ ယမန်နေ့နံနက် (၁၀)နာရီအချိန် က မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် တာမိ

ပေါက်ခေါင်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign ပြုလုပ်ပြီး ပြည်သူများအား အခမဲ့ဖြန့်ဝေပေး
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့ နံနက်ပိုင်းက မြို့မစျေးအနီးနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် လယ်ယာလုပ်ငန်းကို စတင်လုပ်ကိုင်
Jun 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် မိုးဦးကျစောသောကြောင့် ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန်အတွက် ယမန်နှစ်ကထက် နှစ်ပတ်စော၍ လယ်ယာလုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) ရပ်ကွက်ရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 15,2021
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ကတောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်၌ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်မှုများနှင့်အတူ နှာခေါင်းစည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ဆောင်ရွက်
Jun 15,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign အဖြစ် နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး ဆွေးနွေး
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လက်ဆေးဘေစင်များ ပေးအပ်လှူဒါန်း
Jun 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်း များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လက်ဆေး ဘေစင်များနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗွီနိုင်း ပိုစတာများကို ယနေ့တွင် တာဝန်ရှိသူများ   သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား မြို့နယ် အတွင်းသို့ ယနေ့နံနက်ပိုင်းက လိုက်လံကြေညာပေးလျက်ရှိသည်။