ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းပေးအပ်လှူဒါန်း

ကွတ်ခိုင် ဇွန် ၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (OSS)ရုံး၌ ယမန်နေ့နံနက် (၁၀)နာရီအချိန် က မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် တာမိုးညဲအုပ်စု ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးသူရလွင်တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါစမ်းသပ်ကိရိယာ (Test Kit)ဗူး လေးထောင်ဗူး ငွေကျပ်တန်ဖိုး (၂၅၉၇၄၀၀ဝိ/−)ကို ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကော်မတီတို့အတွက် ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးညွှန့်နှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင့်ဝင့်မြိုင် တို့က လက်ခံရယူပြီး ကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးဦးစီးဌာနက ဦးဆောင် စမ်းသပ်စစ်ဆေးပေးသွားမှာဖြစ်ကြောင်း Positive တွေ့ရှိပါက Quarantine Centre ထားရှိမည့်နေရာကို ပြန်လည်ကြိုတင်ပြင်ဆင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ဌေးဌေး(ကွတ်ခိုင်)