တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဇွန် ၁၅
 
ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကတောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ တောင်သာမြို့နယ် မြို့နယ်ဦးစီးမှူးဦးထိန်လင်းက စာဖတ်ဝိုင်းပြု လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ ဝန်ထမ်းစည်းကမ်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ဓာတ်ပုံကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က ဝန်ထမ်း၏ ဝန်ထမ်းမှုဆိုင်ရာ ခံစားခွင့်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃)ဒေါ်သိမ့်သိမ့်အေးက အလုပ်ချိန်နှင့်သက်ဆိုင်သည့်စည်းကမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဌေးဌေးဝင်းက တာဝန်ထမ်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေဒေါ်တင်မိုးခိုင်က တစ်ဦးနှင့် တစ်ဦး အပြန်အလှန်အတွေ့အကြုံများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ဦးစီးမှူးနှင့် ဝန်ထမ်းများကအသီးသီးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင် (တောင်သာ)