သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပြန်လည် ဖွင့်လှစ်
Jun 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင်ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီး အား စည်းကမ်းချက်နှင့်အညီ အချိန်၊ လူဦးရေ ကန့်သတ်ချက်များဖြင့် မြို့နယ်သံဃနာယက ဆရာတော် ကြီး၏ ဩဝါဒကို ခံယူ၍ ယနေ့ နံနက်(၅)နာရီတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏ၊ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကောမလနှင့် သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့က မြတ်စွာ ဘုရားရှင်အား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ နံနက်(၅)နာရီခွဲတွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ နံနက်(၁၀)နာရီတွင် ပဋ္ဌာန်းအောင်ပွဲကျင်းပခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားတော်နာ ရေစက်ချခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ စေတီတော် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းစိုးဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဂေါပကအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။