သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများ ထုတ်ပေး

ရန်ကုန် မေ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို အ.ထ.က (သုဝဏ္ဏ)ကျောင်း၌ မေလ ၁၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမှတ်စာရင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၊ လမ်းညွှန်စာအုပ်များကို ထုတ်ပေးရာတွင် အ.ထ.က (သုဝဏ္ဏ)စာစစ်ဌာန၌ ဖြေဆိုခဲ့ပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ များကိုယ်တိုင် ဇွန်လ ၁၄ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

အ.ထ.က (သုဝဏ္ဏ) စာစစ်ဌာနမှာ ကျောင်းသား/ကျောင်းသူ (၇၄၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၉၇) ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၄၂.၉၅) ရရှိပြီး (၆)ဘာသာ(၂)ဦး၊ (၅) ဘာသာ(၅)ဦး၊ (၄)ဘာသာ (၁၁)ဦး၊ (၃)ဘာသာ(၁၅)ဦး၊ (၂)ဘာသာ(၁၉)ဦး၊ (၁)ဘာသာ(၄၅) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)