သာယာဝတီမြို့နယ် အမှတ်(၂) ကျောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီး

သာယာဝတီ မေ ၂၀

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေသစ္စာမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အမှတ်တ်(၂)ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မ စုစုပေါင်းကုန်ကျငွေကျပ် ၁၁.၄၄၅ သန်းဖြစ်ပြီး ၁၀၀ ရာခိုင်နူန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ အမှတ်(၂)ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းကို ဧပြီလ တတိယပတ်က စတင်ခင်းကျင်းခြင်း ဖြစ်ပြီး မေလ တတိယပတ်က ၁၀၀ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)