အထက်မင်းလှ မေ ၂၀
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ခုနှစ်သဘာဝဘေး အန္တရာယ် ကြောင့် သီးနှံများထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ၊မြိုနယ် အုပ်ချုပ်ရေးမှူးဦး အောင်စိုးဦးက အဖွင့်အမှာ စကားပြောကြားပြီး၊မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးကသီးနှံထိခိုက်ပျက်စီး ဧက များ စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးသန်းညွန့်မောင် က၂၀၂၀ -၂၀၂၁ခုနှစ် ၊ သီးနှံစိုက်ပျိုးရာသီတွင်မိုးရွာသွန်းမှုနည်းခြင်း၊ များခြင်းကြောင့် သီးနှံများထိခိုက် ပျက်စီး မှုအပေါ် ထောက်ပံ့ငွေပေးအပ်မှု အခြေအနေများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တာဝန်ရှိသူများကရပ်ကွက်/ကျေးရွာအုပ်စု(၃၂)အုပ်စု ၊ ကွင်း ပေါင်း(၁၄၉) ၊ ဦးပိုင် (၅၉၇၉)၊ တောင်သူ (၅၅၉၈)ဦး ၊နှမ်း(၁၁၇၀၄)ဧက ၊ ပဲတီစိမ်း (၂၄)ဧက အတွက် တစ်ဧကလျှင် ၅၀၀ဝိ/-နှုန်းဖြင့်စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၅၈၆၄၀၀၀ဝိ/- အား ထောက်ပံ့ပေး အပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှုး ၊ ဌာနဆိုင်ရာများ ၊ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများနှင့် စိုက်ခင်းပျက်စီး ဆုံးရှုံးသူတောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)