ဘားအံ မေ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပန်းလိုချင် အပင်ပျိုးတက်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗဟုသုတများကို အပြန်အလှန်ဖလှယ်ဆွေးနွေးတတ် သည့် အလေ့အထကောင်းများ ရရှိစေရန်စသည်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် စာရေးဆရာမ ဒေါ်ဆုလာဘ်နွယ်က “ပန်းလိုချင်အပင်ပျိုးတက်မှ”၊ “ပန်းလိုနုနယ်ကလေးငယ်”၊ “ကလေးကို ရိုက်သင့်မရိုက်သင့်” စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက “ပုံပြင်ထဲမှ အလိမ္မာ”၊ “ကလေးနှင့်ကျောင်းထားချိန်”၊ “ကလေးနှင့်ပညာရေး”၊ “ကျောင်းနေပျော်၍ စာတော်ပါစေ” စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များအား မေးမြန်း၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက်)