ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်များဆက်ကပ်လှူဒါန်း

 

ဇီးကုန်း            မေ ၂၀

ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ(စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်  သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဓမ္မဗိမာန်တော်ကြီး၌ ယနေ့နံနက် နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တတေဇ၀န္တက စူဠဘွဲ့နှင်းသဘင်ဆိုင်ရာ ဓမ္မစကားများအား ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းမြင့် မှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပြီး နာယကဆရာတော်ကြီးများနှင့် စာချဆရာတော်များအား လှူဖွယ်၀တ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ သာသနာရေးဝန်ကြီးဌာန ပထမပြန်စာမေးပွဲကျင်းပရေးဗဟိုအဖွဲ့ခွဲမှ ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဇီးကုန်းမြို့နယ်မှ ပထမကြီးအောင် သံဃာ()ပါး၊ ပထမလတ်အောင် သံဃာ()ပါး၊ ပထမငယ်အောင် သံဃာ ()ပါးနှင့် အခြေပြုအောင် သံဃာ()ပါး စုစုပေါင်းစာအောင်သံဃာ(၁၂)ပါးအား အောင်လက်မှတ်များနှင့် လှူဖွယ်၀တ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)