တန့်ယန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) နှစ်ခုတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
အဆိုပါ ကန့်သတ် စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား စစ်ဆေးမှုအရ ဝေဠုဝန် ဘကကျောင်းတွင် ထားရှိသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) မှ ရှင်သာမဏေ (၄)ပါးထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ် - ၁၉ ရောဂါ ကုသရေး အထူးကြပ်မတ်ဆောင်၌ ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)