မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရှိ ရန်ကင်းတောင်သွားလမ်းနှင့် ရိပ်သာကျောင်းသွားလမ်းအား ရပ်ကွက်ပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

မိုင်းငေါ့ ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရှိ ရန်ကင်းတောင်သွားလမ်းနှင့် ရိပ်သာကျောင်းသွားလမ်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရန်ကင်းတောင်သွားလမ်းနှင့် ရိပ်သာကျောင်းသွားလမ်းကို မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းငွေ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းဖြစ်သည်။

အဆိုပါရန်ကင်းတောင်သွားလမ်းမှာ လမ်းအရှည်(၇၀၀)ပေ၊ လမ်းအကျယ် (၁၁)ပေဖြစ်ပြီး ဘိလပ်မြေအိတ် (၁၅၀)အိတ်၊ သဲကျင်း(၂၀)ကျင်း ကုန်ကျငွေ (၁၃၅၀၀၀၀)နှင့် ရိပ်သာကျောင်သွားလမ်းမှာ  လမ်းအရှည် (၆၀၀)ပေ၊ လမ်းအကျယ်(၁၁)ပေဖြစ်ကြောင်းနှင့် ဘိလပ်မြေ(၁၂၀)အိတ်၊ သဲကျင်း(၂၀)ကျင်း၊ ကုန်ကျငွေ(၁၂၀၀၀၀၀/-)၊ လမ်း(၂)လမ်းအတွက် စုစုပေါင်း ကုန်ကျငွေ (၂၅၅၀၀၀၀/-)ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)