တွံတေး ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေ ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းကမြို့မ စည်ပင်သာယာစျေးရှေ့နှင့် အိုးဘိုအရှေ့ ရပ်ကွက်၊ ရွှေညောင်ပင် လမ်းဆုံတို့၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကူးစက်ပျံနှံမှုကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူ များ အနေဖြင့် ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီ နေထိုင်သွားလာရန် ညွှန်ကြား ထားရှိသော်လည်း တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွား လမ်းလာများ စျေးသွားစျေးလာများ Mask ဖြန့်ဝေ တပ်ဆင်စေရေး ဒုတိယဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နေ့စဉ် ဆောင်ရွက်ပေးနေပြီး Mask များ ဖြန့်ဝေရာတွင် ဒုတိယဦးစီးမှူးဦးမြတ်စိုးနှင့်ဒေါ်ဝင်းလဲ့ဖြူ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင်Mask Campaignဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလ မ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများ အား Mask များ ဝယ်ယူတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ Stop ကိုဗစ်-၁၉ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦးအသိပေးပါ၊ သတိပေးပါ ဆိုသည့်ပြက္ခဒိန်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)