သတင်းများ

ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ
Jan 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင် ကျေးရွာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတ၌ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်ခွေးများအား ယမန်နေ့ကခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် စတင်ထိုးနှံပေးနေပြီ ဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ ပေး
Jan 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်၍ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
သန်လျင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းမှစ၍     ထိုးနှံပေးခဲ့ကြောင်းသိရသည်၊၊
မိုင်းခုတ်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊အမှတ်(၃)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရန် အကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဟိုခန့် ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နေ့လယ်(၁:၃၀)နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
တီးတိန်၌ ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး COVISHIELD ကို ယနေ့နံနက် ၉ နာရီက သတ်မှတ်ထားသည့် စုရပ်နှစ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး က သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။