ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကျောက်ကြီး ဇန်နဝါရီ ၂၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နေ့လယ်(၁:၃၀)နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် Covishield ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း (၁၂၈) ဦးအား ပထမ ဦးစားပေးအနေဖြင့် ပထမအကြိမ် ထိုးနှံပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးမထိုးခင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ဆေးထိုးပြီးလျှင် ချက်ချင်းပြန်ခိုင်းမည်မဟုတ်ဘဲ စောင့်ကြည့်သွားမည်ဖြစ်ပြီး အရေးပေါ်ဖြစ်ပေါ်လာပါက ဆေးကုသမှု ပြုလုပ်ရန် စီစဉ် ထားရှိကြောင်းနှင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကို ရက်သတ္တပတ် (၄) ပတ်ခြား ၍ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရ သည်။

Kခိုင်ပြန်/ဆက်