ထန်းတပင်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း(၂၀၃)ဦးကို ပထမအကြိမ် ကာကွယ်ဆေး ကို ထိုးနှံပေးခြင်းဖြစ်ပါတယ်၊ အခုကာကွယ်ဆေးစတင်ထိုးနှံပြီး (၂၈)ရက်မြောက်နေ့မှာဆိုရင် ဒုတိယအကြိမ်မြောက်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထပ်မံပြီးတော့ ထိုးနှံပေး သွားမှာ ဖြစ်ပါတယ်ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်အောင်က ရှင်းပြသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းတင်မောင်ရှိန်၊ မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာ အောင်အောင်တို့မှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များ၊ တိုက်နယ်ဆေးရုံ(၅)ခုတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၄၂)ခု တို့မှ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း(၂၀၃)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)