မိုင်းခုတ်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

မိုင်းခုတ် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊အမှတ်()ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရန် အကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဟိုခန့် ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့စည်ပင်သာယာရေးတာဝန်ခံ ဦးစိုင်းဆိုင်ဟိန်းက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်၊ ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ် အရည်အချင်းများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၅၃)စု၏ အိမ်ထောင်စုကိုယ်စားလှယ်များက အများကြည်ညို လေးစားပြီး ကြီးကြပ်ရေးအဖွဲ့ တွင် ပါဝင်ဆောင်ရွက်လိုသူ()ဦးကို စနစ်တကျရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

မိုင်းခုတ်မြို့တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု()စုရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် မတ်လ(၃၁)ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးများအား စနစ်တကျပြန်လည် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

စိုးတင့်(ပြန်/ဆက်)