ကျောက်တန်း ဇန်နဝါရီ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၂၀၁၄-၂၀၁၅)မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော မြစိမ်းရောင် ကျေးရွာ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက အဖွင့်အမှာစကား ပြောကြားပြီး ကျောက်တန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီး ဦးစီးမှူး ဦးကျော်လင်းသန်းက ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေသော မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အောင်မြင်တိုးတက် မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်းပြော ကြားပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့သော မြစိမ်း ရောင်ကျေးရွာလုပ်ငန်းများ ဆောင်ရွက်ထားမှုများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်ကော်မတီများမှ အုပ်စု(၃) စုခွဲကာ စီမံကိန်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အားသာ ချက်/အားနည်းချက်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်ရလဒ်များ အား တစ်ဖွဲ့ချင်းစီ ချပြရှင်းလင်းကြရာ အကြံပြုချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်သောပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)