သန်လျင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ

သန်လျင်  ဇန်နဝါရီ      ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းမှစ၍     ထိုးနှံပေးခဲ့ကြောင်းသိရသည်၊၊

သန်လျင်မြို့နယ်တွင် အထွေထွေရောဂါကုဆေးရုံကြီးနှင့် ဒေးဇက်တိုက်နယ်ဆေးရုံတို့မှ  ကုသရေးနှင့်  ကျန်းမာရေးဝန်ထမ်း (၃၆၆)ဦး၊    သူနာပြုသင်တန်းကျောင်းမှ (၁၆)ဦးတို့အား  စတင်ထိုးနှံခဲ့ပြီး သန်လျင်မြို့နယ်     ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆရာဝန်နှင့် ဝန်ထမ်း(၁၁၉)ဦးတို့အား ကိုဗစ်ကာကွယ် ဆေး(၁၂)လုံး အသုံးပြု၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်၊၊

သန်လျင်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး  ဝန်ထမ်းများအား ကိုဗစ်  ကာကွယ်ဆေးများကို  ဆက်လက် ထိုးနှံပေးသွားပြီဖြစ်ကြောင်းသိရသည်၊၊

သန်ဝင်း(သန်လျင်)