တွံတေး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းဋ္ဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဝင်းထွဋ်ဦး
က "(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်" အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူငယ်များထားရှိရမည့် မျိုးချစ်စိတ်ဓာတ်များအကြောင်းကို ဟောပြောခဲ့သည်။ ယင်းနောက် စာရေးဆရာက ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့နှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ မေးမြန်ကာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရန် အာဇာနည်နေ့ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)