ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မောင်တော  ဒီဇင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားသော ပြည်သူများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်ရုံးမှ   ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် နှင့် ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့နံနက် နာရီ အချိန်က တောင်ပြို့လက်ဝဲမြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်   ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်/မြို့နယ်ရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ခဲ့သော သဲချောင်းကျေးရွာအုပ်စုမှ သာယာကုန်းကျေးရွာနှင့် သင်္ဘောလှကျေးရွာ၊ မီးတိုက်ကျေးရွာ၊ ကွမ်းသီးတောင်ကျေးရွာအုပ်စုမှ နံသာတောင်ကျေးရွာများရှိ  အမျိုးသား (၁၁၈) ဦးနှင့် အမျိုးသမီး (၁၀၄)ဦး  စုစုပေါင်းလူဦးရေ (၂၂၂)ဦးအား အိမ်ထောင်စု လူဦးရေစာရင်းနှင့်  အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင် လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး