ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

ကျောက်တံတား   ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေး လျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိ ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်() ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ်(ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁ဝး၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီထိSinopharm (5 Dose)Second Dose ကို ထိုးနှံ သူ(၂၁၀)ဦးနှင့်(Phase 5)Sinovac (2 Dose) First Doseကိုထိုးနှံသူ(၈၂)ဦး စုစုပေါင်း(၂၉၂)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။