ရန်ကုန် ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူ၀င်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီအရာရှိ ဦးမြင့်ဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦစီးမှူး ဦးမြင့်ဇော် ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက (၃၄)ရပ်ကွက်အတွင်း အသက် (၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၃)ဦး၊ (၁၀)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၄)ဦး စုစုပေါင်း (၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက် များအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားဇာတိမြေ အမြဲနေထိုင် လျက် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)