ဘိုကလေး ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာ အုပ်စုအတွင်းမှ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများအား ဆွမ်းပြည့်စုံမှု ရှိစေရေးအတွက် ရေကျော်တိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရာအိမ်မှူးများ စုပေါင်း၍ ယမန်နေ့ ညနေ (၄)နာရီတွင် ဆရာတော်၊ သံဃာတော်များ၏ လက်ဝယ်အရောက် အခြေခံစားသောက်ကုန်များနှင့် ဝတ္ထုငွေများ ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
ရေကျော်တိုးကျေးရွာအုပ်စုတွင် ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းနှင့် သီလရှင်ကျောင်း (၁)ကျောင်း တည်ရှိပြီး လှူဒါန်းရာတွင် ကျောင်းတစ်ကျောင်းလျှင် ဆန်(၁)အိတ်၊ ဆီ(၁)ပိဿာ၊ ရေသန့်(၁)ကဒ်နှင့် နဝကမ္မဝတ္ထုငွေ (၁)သောင်း ကျပ်နှုန်းဖြင့် လှူဒါန်းဆပ်ကပ်ခဲ့ကြောင်းနှင့် အလှူရှင်များအနေဖြင့် ဆရာတော်၊ သံဃာတော်များထံမှ သီလခံယူဆောက် တည်ခဲ့ကြပြီး လှူဒါန်းမှုအား ရေစက်သွန်းချ အမျှဝေခဲ့ကြကြောင်း သိရသည်။
မိုးစက်