ငပုတော ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေ ရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို မြို့အဝင် (ငပုတော-ပုသိမ်)ကားလမ်းမကြီးနှင့် (ငပုတော-မြောင်းမြ )ကားလမ်းမကြီးတလျောက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူ ဦးဆောင်သောအဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းဦး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းပြီ မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ အမှိုက် ကင်းစင်ရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များ ခုတ် ခြင်း၊ မြက်ရိတ်စက်ဖြင့် မြက်ဖြတ်ခြင်း၊ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား သတ်မှတ်ထားသည့် နေရာများသို့ စနစ်တကျ စွန့်ပစ်၍ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နုနုအေး