သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Jan 05,2022
၂၀၂၂ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား   ပြင်ဦးလွင်မြို့၌ ကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်  ( ၇:၀၀ ) နာရီက   ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး ( ၂) ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊ ဆရာ / ဆရာမများနှင့်  ဆုရ ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
လဲချားမြို့နယ် ‘‘ပန်းခင်း’’စီမံချက်လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 05,2022
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ယမန်နေ့နံနက်(၈)နာရီ အချိန်က ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များကို မြို့မစျေး၊ ပျံကျစျေးနှင့် လူစည်ကားသောနေရာများတွင် ဖြန့်ဝေခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်
Jan 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရပ်ကွက်၊ကျေးရွာ အသီးသီးတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိခင်​နှင့်ကလေး စောက်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မူကြိုကလေးများဆေး ရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီ ကမိခင်နှင့်ကလေး မူကြိုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicrion (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။
လွိုင်မွေတောင်စခန်းမြို့ (ချယ်ရီမြေ) သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့ (ချယ်ရီမြေ) သန့်ရှင်း သာယာလှပရေး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။