လဲချား ဇန်နဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ယမန်နေ့နံနက်(၈)နာရီ အချိန်က ပန်းခင်းစီမံချက်လက်ကမ်းစာစောင်များကို မြို့မစျေး၊ ပျံကျစျေးနှင့် လူစည်ကားသောနေရာများတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ‘‘ပန်းခင်း’’စီမံချက်လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီရမည့် ကိစ္စများ၊နိုင်ငံသားကတ် မှတ်ပုံတင်ရှိခြင်းဖြင့် လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝမြှင့်တင်မည့် အကြောင်းအရာများ၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရာတွင် ဆောင်ရွက်ရမည့်အချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင်