မိုးကုတ်မြို့ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိခင်နှင့်ကလေး စောက်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မူကြိုကလေးများဆေး ရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီ ကမိခင်နှင့်ကလေး မူကြိုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူကြိုကလေးများမှ ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးများအားလုံးအား မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မုန့်နှင့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောက်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကလေးများ စိတ်ကူးကောင်းများ ပေါ်လွင်စေရန် ၊ ဉာဏ်ရည်ထက်မြတ်စေရန်၊ ပျော်ရွှင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)