ပြင်ဦးလွင် ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ( ၇:၀၀ ) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ( ၂) ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ / ဆရာမများနှင့် ဆုရ ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ဖတ်ကြားပြီး ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိကြသော အခြေခံ ပညာအထက်တန်း၊ အလယ်တန်းမူလတန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )