မင်္ဂလာဒုံ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရပ်ကွက်၊ကျေးရွာ အသီးသီးတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်စေရန်၊ အစုအဖွဲ့လိုက် ပေါင်းသင်းဆက်ဆံ ဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အားကစားကို ငယ်စဉ်ကတည်းက လေ့လာလိုက်စားတတ်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အုပ်စုလိုက်ထုပ်ဆီးတိုးခြင်း၊ မီတာ ၁၀၀ အပြေးပြိုင်စေခြင်း၊ အာလူးကောက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ခြင်းလုံးကစားခြင်း၊ ချောတိုင်တက်ခြင်း၊ လွန်ဆွဲခြင်း၊ ကလေးငယ်များအတွက် မုန့်စားပြိုင်ပွဲများ ပြုလုပ်ကျင်းပပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)