အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်(၅)ခုမှ နေ့စဉ်ထွက် အမှိုက်တန်ချိန် (၅.၅)တန်ခန့်ကို သယ်ယူစွန့်ပစ်ပေးလျက်ရှိ

အိမ်မဲ   ဇန်နဝါရီ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ် ရပ်ကွက်(၅)ခုမှ နေ့စဉ်ထွက်ရှိသော အမှိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် သယ်ယူစွန့်ပစ် ပေးလျက်ရှိကြောင်း သိရသည်။

"ကျွန်မတို့ဌာနအနေနဲ့ မြို့နယ်သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပေါ်ရပ်ကွက် (၅)ခုက ထွက်ရှိလာတဲ့ အမှိုက်တွေကို နေ့စဉ်အမှိုက် သိမ်းယာဉ်များနဲ့ သယ်ယူစွန့်ပစ်ပေး လျက်ရှိပါတယ်။ အမှိုက်သယ်ယူစွန့်ပစ်တဲ့ နေရာမှာလည်း အမှိုက်အမျိုးအစား(၇) မျိုးရှိတဲ့အနက် စီးပွားထွက်အမှိုက်ဆိုတာ လုပ်ငန်းရှင်ဆိုင်တွေကထွက်တဲ့ အမှိုက်တွေကို သိမ်းဆည်း စွန်ပစ် တာဖြစ်ပြီး အပါတ်စဉ် အင်္ဂါနေ့တိုင်း သိမ်ဆည်းပေးပါတယ်။ မီးဖိုချောင်ထွက်အမှိုက်ကတော့ အပါတ်စဉ် တနင်္လာနေ့ကနေ စနေနေ့အထိ ရပ်ကွက်(၅)ခုအတွင်း လိုက်လံသိမ်းဆည်း စွန့်ပစ်ပေးပါတယ်။ တစ်နေ့လျှင်အမှိုက်တန်ချိန် (၅.၅)တန်ခန့်ကို လိုက်လံသိမ်းဆည်း စွန့်ပစ်ပေးရကြောင်း" မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်ဥမ္မာအောင် ဒုဦးစီးမှူး(သန့်) ပြောကြားချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး(သန့်)က ကြီးကြပ်ပြီး သန့်ရှင်းရေးဌာနစိတ်လုပ်သားများဖြင့် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)