ဘားအံ ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ အုတ်စီရေမြောင်းပြု လုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်၍ အရှည် (၂၂၄၅)ပေ၊ အကျယ်(၃)ပေနှင့် ထုထည်အမြင့် (၃)ပေ(၆)လက်မရှိသော ဗိုလ်ချုပ်လမ်းနံဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၅၁.၀၀၀)သန်းဖြင့် ဒီဇင်ဘာလမှစတင်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပ သွား မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)