၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမတံခွန်းဒိုင်းဆုရ အားကစား သမားများအားဆုချီးမြှင့်ပွဲကျင်းပ

ညောင်ဦး  ဇန်နဝါရီ  ၁၀

၂၀၂၂ ခုနှစ်ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်ခဲ့သည့် ၇၄ နှစ်​မြောက် အထိမ်းအမှတ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ်ဘော လုံးပြိုင်ပွဲ ပထမတံခွန် စိုက်ဆုရ ညောင်ဦးခရိုင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားအစီကို ဇန်နဝါရီ ၁၀ရက်၊ မွန်းလွဲ ၂ နာရီတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဆုရ ညောင်ဦးခရိုင်အားကစားသမားများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင် နှင့်အဖွဲ့ဝင် များ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ပြီးနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးတိုးလွင်က  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ပထမတံခွန်စိုက်ဆုရသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလသည် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့်မှ သည် နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်သည်အထိ ကြိုးစားစေလိုကြောင်းအမှာစကား ပြောကြားသည်။

အမှာ စကားပြောကြားပြီးနောက် တံခွန်စိုက်ဆုဖလားအား အားကစားသမားသုံးဦးမှ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံ ဆုဖလားအားအပ်နှံသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက အောင်ပွဲ ရအားကစားသမားများနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်မှူး ဒေါ်ညိုညို ထွေး၊ ညောင်ဦး၊ကျောက်ပန်းတောင်းမှ အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး တို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့် ဆုရပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးခြင်းဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD