ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ မရမ်းကွင်းကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို ဇန်နဝါရီလ (၈)ရက်နေ့မှ (၉)ရက်နေ့ ထိ နံနက်ပိုင်းမှစ၍ (၂)ရက်ကြာ မရမ်းကွင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် ကျား၊ မ စုစုပေါင်း (၂၇)ဦးကိုလည်းကောင်း၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား၊ မစုစုပေါင်း( ၅၂)ဦးကိုလည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် ကျား၊ မ စုစုပေါင်း ( ၁၆)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်း တွင် ကျား၊ မ စုစုပေါင်း(၆၃)ဦး ကိုလည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ မရမ်းကွင်း ကျေးရွာအုပ်စုတွင် ကျား ၊ မ စုစုပေါင်း( ၁၅၈ )ဦး ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ်